အချစ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုပါ [A Chit So Dar Lyo Whet Chet Ta Khu Bar] lyrics
Songs
2026-01-17 08:28:19
အချစ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုပါ [A Chit So Dar Lyo Whet Chet Ta Khu Bar] lyrics
( ပျော်ချင်တိုင်းလည်း မပျော်ရပါ
ချစ်မိသူတိုင်းလည်း ချစ်ခြင်းမခံခဲ့ရပါ
မသိသေးတဲ့ ဒီလောကရဲ့အထာ
အချစ်ဆိုတာ လျှို့ဝှက်ချက် တစ်ခုပါ
နေသာခိုက်မှာ မြင်လို့လေ
တွေ့တဲ့အခါတိုင်းလည်း မိုးမအုံ့ပါဘူး မပြောသာ
ခန်းမှန်းလို့ မရကောင်းတဲ့ အခြင်းအရာ
အချစ်ဆိုတာ လျှို့ဝှက်ချက် တစ်ခုပါ
အပြုံးနဲ့ယှဉ်တွဲ နွှဲခဲ့ဖူးတာလည်း အခါခါ
နောက်ဆုံးတော့ အငိုသာ ကျန်မြဲပါ
ကိုယ့်အတွက်မှာတော့ အချစ်စစ်ဆိုတာဟာလေ
ထာဝစဉ် ပေးဆပ်ရခြင်းပါ
ယုံကြည်လွန်းတဲ့ ဒီအချစ်မှာ
ဘဝတစ်ခုကိုရင်းနှီး မီးနဲ့ရေနဲ့ကစားလာ
အနိုင်အရှုံးတော့ ကိုယ်လည်း မသိသေးပါ
အချစ်ဆိုတာ လျှို့ဝှက်ချက် တစ်ခုပါ ) ၂
- Artist:Sai Htee Saing