Afterglow [Burmese translation]

  2024-05-11 16:55:32

Afterglow [Burmese translation]

(၁၊ ၂)

အံ့ဩစရာအခိုက်အတန့်တွေကို ရပ်တန့်ပေးပါ

မင်းခေါင်းနံဘေးက ယှက်ဖြာနေတဲ့ အလင်းတန်းလေးကို ကြည့်ပါဦး

ရွှေအိုရောင် အနီရောင် အရောင်မျိုးစုံသန်းနေတဲ့ ဟေဇယ်သစ်ရွက်လေးတွေ

ကုန်ဆုံးတော့မယ့် စနေနေ့မနက်ခင်းလေး

မင်းလက်နစ်စုံထက်က ကော်ဖီခွက်ပေါ် ဖြာကျနေတဲ့ နေရောင်ခြည်လေး

ငေးနေတဲ့မင်းအကြည့်တွေကတော့ ငါ့မျက်လုံးတွေကို ဖမ်းစားထားတာပေါ့

ငါတို့တွေယမကာသောက်ရင်း ဆန်းကြယ်မှုတွေမျှော်လင့်နေရင်း

နှင်းခဲတွေကြားထဲ ငါတို့အချင်းချင်း လိုက်ရှာနေရင်း

ကမ္ဘာကြီးကွယ်ပျောက်သွားသည့်အလား အချစ်မှာနစ်မွန်းနေခဲ့ကြတယ်

အို ငါနှုတ်ဆိတ်မနေနိုင်ပါဘူး မင်းကိုလည်းထွက်သွားခွင့်မပေးဘူး

နေထွက်ချိန်အထိ မင်းလက်ကို တင်းတင်းဆုပ်ထားမှာပေါ့

အမှောင်ထုကြီးကွယ်ပျောက်သည်အထိ ငါတို့အချစ်တွေနဲ့ လောင်ကျွမ်းတောက်ပကြမယ်

အို နေထွက်ချိန်အထိ မင်းလက်ကို ဆုပ်ကိုင်ထားမှာပေါ့

အို နေထွက်ချိန်အထိ မင်းလက်ကို ဆုပ်ကိုင်ထားမှာပေါ့

အပြင်မှာ အရမ်းအေးနေပြီ

ခြောက်လက်မဆီးနှင်းထုအောက်မှာ သစ်ရွက်လေးတွေ မြုပ်သွားခဲ့ပြီ

ရေဒီယိုဆီက Iron & Wine သီချင်းသံလေ

ဒါဟာ ကမ္ဘာသစ်တစ်ခု

အချိန်တွေမေ့ပျောက်သွားမယ့် နေရာလေ

မင်းကလွဲပြီး ငါဘာမှဆုပ်ကိုင်မထားတော့ဘူး

ငါတို့တွေယမကာသောက်ရင်း ဆန်းကြယ်မှုတွေမျှော်လင့်နေရင်း

နှင်းခဲတွေကြားထဲ ငါတို့အချင်းချင်း လိုက်ရှာနေရင်း

ကမ္ဘာကြီးကွယ်ပျောက်သွားသည့်အလား အချစ်မှာနစ်မွန်းနေခဲ့ကြတယ်

အို ငါနှုတ်ဆိတ်မနေနိုင်ပါဘူး မင်းကိုလည်းထွက်သွားခွင့်မပေးဘူး

နေထွက်ချိန်အထိ မင်းလက်ကို တင်းတင်းဆုပ်ထားမှာပေါ့

အမှောင်ထုကြီးကွယ်ပျောက်သည်အထိ ငါတို့အချစ်တွေနဲ့ လောင်ကျွမ်းတောက်ပကြမယ်

အို နေထွက်ချိန်အထိ မင်းလက်ကို ဆုပ်ကိုင်ထားမှာပေါ့

အို နေထွက်ချိန်အထိ မင်းလက်ကို ဆုပ်ကိုင်ထားမှာပေါ့

အို နေထွက်ချိန်အထိ မင်းလက်ကို ဆုပ်ကိုင်ထားမှာပေါ့

Ed Sheeran more
  • country:United Kingdom
  • Languages:English, Spanish, Gaelic (Irish Gaelic), Italian+2 more, Korean, Russian
  • Genre:Alternative, Folk, Pop, Pop-Folk, R&B/Soul, Singer-songwriter
  • Official site:http://edsheeran.com
  • Wiki:https://en.wikipedia.org/wiki/Ed_Sheeran
Ed Sheeran Lyrics more
Ed Sheeran Featuring Lyrics more
Ed Sheeran Also Performed Pyrics more
Excellent recommendation
Popular