If Our Love Is Wrong [Burmese translation]

Songs   2024-09-21 07:42:18

If Our Love Is Wrong [Burmese translation]

[verse 1]

ကိုယ့်ရင်ဘတ်ထဲမှာမြိုသိပ်ထားတဲ့စကားလုံးတွေကို

ဘယ်လိုဖွင့်ပြောရမလဲကိုယ်မသိတော့ဘူး။သူတို့မကြားချင်ကြတဲ့စကားတွေလေ။

သူတို့ ဘယ်လိုတုံ့ပြန်ကြမလဲ ကိုယ်မသိ။

မင်းကတော့ ဒီပှုဆွေး‌သောကတွေကို ခံနိုင်ရည်ရှိပြီးပျောက်ကွယ်သွားအောင်လည်း လုပ်နိုင်မှာ

တားဆီးကန့်သတ်ချက်‌တွေကို မေ့ထားလိုက်ပါ။

ကိုယ်တစ်ခါမှ မခံစားဖူးတဲ့ခံစားချက်ကိုမင်းက ဖြစ်စေခဲ့တာပေါ့။

ဒီလိုမျိုးတွေကို သူတို့သဘောကျလာပါ့မလား ကိုယ်မသိ

ဒါတွေက မင်းကိုပိုချစ်လာအောင် တွန်းအားတွေ‌ဖြစ်လာစေတယ်။

[pre-chorus]

ကိုယ်ဟာ တခြားသူတွေမပိုင်တဲ့မင်းရဲ့တစ်ဦးတည်းသောသူမို့

[chorus]

ကိုယ့်အတွက်ရော၊မင်းအတွက်ရော

ကိုယ်တို့ရဲ့ချစ်ခြင်းက မှားယွင်းမှုကြီးဖြစ်‌နေမယ်ဆိုရင်

ဒါဆို ဒီမှားယွင်းမှုကို ကိုယ်ပြန်မပြင်ချင်တော့ဘူး။

ဒီမှားယွင်းမှုကြီးကို ပြန်မပြင်ချင်တော့ဘူးကွာ။

မှားယွင်းနေတယ်ဆိုတာ တကယ်ဖြစ်‌နေမယ်ဆိုရင်မှားယွင်းနေတယ်ဆိုတာ အမှန်ဖြစ်နေရင်

ကိုယ်တို့ရဲ့ချစ်ခြင်းက မှားယွင်းမှုကြီးဖြစ်နေမယ်ဆိုရင်

ဒါဆို ဒီမှားယွင်းမှုကို ကိုယ်ပြန်မပြင်ချင်တော့ဘူး။

ဒီမှားယွင်းမှုကြီးကို ပြန်မပြင်ချင်တော့ဘူးကွာ။

[post-chorus]

အိုးရေးအိုး

မင်းလေးကိုပဲ ပိုင်ဆိုင်ချင်မိရုံပါ။

[verse 2]

မင်းကိုချစ်ရဖို့ ဘာလို့သူတို့ခွင့်ပြုချက်ကိုတောင်းနေရမှာလဲ?

ငါလည်းအသွေးသားနဲ့တည်ဆောက်ထားတဲ့လူသား၁ယောက်ပဲ

ငါ့ဖြစ်တည်မှုကိုပြန်ပြင်လို့မရဘူးလေ

သူတို့အလိုကျနေနေရတာ မွန်းကြပ်လာပြီ။

လူတွေရဲ့ထင်မြင်ချက်တွေကို ငါကဘာလို့လိုက်ဂရုစိုက်နေရမှာလဲ

[pre-chorus]

ကိုယ်ဟာ တခြားသူတွေမပိုင်တဲ့ မင်းရဲ့တစ်ဦးတည်းသောသူမို့

[chorus]

ကိုယ့်အတွက်ရော၊မင်းအတွက်ရော

ကိုယ်တို့ရဲ့ချစ်ခြင်းက မှားယွင်းမှုကြီးဖြစ်‌နေမယ်ဆိုရင်

ဒါဆို ဒီမှားယွင်းမှုကို ကိုယ်ပြန်မပြင်ချင်တော့ဘူး။

ဒီမှားယွင်းမှုကြီးကို ပြန်မပြင်ချင်တော့ဘူးကွာ။

မှားယွင်းနေတယ်ဆိုတာ တကယ်ဖြစ်‌နေမယ်ဆိုရင်မှားယွင်းနေတယ်ဆိုတာ အမှန်ဖြစ်နေရင်

ကိုယ်တို့ရဲ့ချစ်ခြင်းက မှားယွင်းမှုကြီးဖြစ်နေမယ်ဆိုရင်

ဒါဆို ဒီမှားယွင်းမှုကို ကိုယ်ပြန်မပြင်ချင်တော့ဘူး။

ဒီမှားယွင်းမှုကြီးကို ပြန်မပြင်ချင်တော့ဘူးကွာ။

[Post-chorus]

အိုးရေးအိုး

မင်း‌လေးကိုပဲ ပိုင်ဆိုင်ချင်မိရုံပါ။

[Outro]

အိုးရေးအိုး

မင်းလေးကိုပဲ ပိုင်ဆိုင်ချင်မိရုံပါ။

*****

ကွန့်မန့်မှာ ပေးထားတဲ့လင့်ခ်ကနေ မှုရင်းဗီဒီယိုကို ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။

Calum Scott more
  • country:United Kingdom
  • Languages:English, French, Portuguese
  • Genre:Pop, Singer-songwriter
  • Official site:
  • Wiki:https://en.wikipedia.org/wiki/Calum_Scott
Calum Scott Lyrics more
Calum Scott Featuring Lyrics more
Calum Scott Also Performed Pyrics more
Excellent Songs recommendation
Popular Songs
Artists
Songs